နေရစ်တော့ကွယ် သွားတော့မယ် - စိုင်းထီးဆိုင်

Download

နေရစ်တော့ကွယ် သွားတော့မယ်

V1;
ဒီအရိပ်အောက်မှာ အတူတူနေမယ် အမြဲရည်မှန်းထားခဲ့တယ်
အလိုပြည့်ဖို့တစ်ခုတည်း ကိုယ့်မှာနားလည်
ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ်
စိတ်ဆန္ဒရှိလည်းကွယ် ကံဆိုးတော့ အချစ်အိပ်မက်ပျက်ပြယ်

Cho;
[ခွဲရခါနီးမှ လုပ်ရက်နိုင်တယ် တစ်ခါလောက်တောင် နမ်းခွင့်မပေးသူရယ်
ကိုယ့်ရဲ့သီချင်းနဲ့ပဲနှုတ်ဆက်ခဲ့တယ် ချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်.....]

V2;
ချစ်ပန်းလေးတွေ ဝေနေချိန်မှာ အဖိုးတန်မှန်းမသိခဲ့တယ်
နဂိုရပိုင်ခွင့်ပဲလို့ ထင်မိတယ်
ချစ်စကားလေးတွေ ဝေနေချိန်မှာ တုန့်ပြန်ဖို့သတိမရတယ်
ခုများမှ အဖြစ်ရယ်နှောင်းပေါ့ကွယ်

Cho;
[ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ် လွန်သမျှ ကျေနပ်ဖို့တောင်းပန်တယ်
ကိုယ့်ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်....]

V3;
တစ်သက်လုံးမှလေ တစ်ခါကြုံချင်ရင် ပွင့်ချိန်နဲ့ကိုက်မှာကွယ်
ဒီအချစ်ဆိုတဲ့ပန်းလေးဟာ ရှားတယ်
တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ ခူးခြွေခဲ့ပြီးမှကွယ် ကိုယ်ဂရုမစိုက်မိတော့နွမ်းပေါ့ကွယ်

Cho;
[နှလုံးသားမှာထားခွင့်မရှိတော့ရင်လည်း တစ်ခါချစ်ခဲ့ဖူးလို့ဝမ်းသာတယ်
မမေ့နိုင်ခြင်းနဲ့ပဲနှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်......]

V4;
လူသားတိုင်းမှာ ကိုယ်စီပါတယ် ဘ၀ရဲ့အလှအပများရယ်
အခွင့်အရေးနဲ့အစွန်းအစတစ်ဖက်စီရှိတယ်
လူတစ်ဦးတစ်ယောက်အတွက် နိုင်တယ်မနိုင်တယ် အချစ်နဲ့ပတ်သက်သမျှရယ်
အရာတိုင်းပဲ တရားတယ်မျှတတယ်

Cho;
[အကောင်းဆုံးကိုရွေးခွင့်မရှိတော့ရင်လည်း
ဒီဘ၀ ဒီမျှနဲ့ပြီးစေကွယ် ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
အချစ်ရယ်နေရစ်တော့ကွယ် သွားတော့မယ်.........]

အချစ်ရယ်နေရစ်တော့ကွယ် သွားတော့မယ်.............

နေရစ်တော့ကွယ် သွားတော့မယ်.........................

More