နော် ကိုကိုနော် - မိစန္ဒီ, Bobby Soxer

Download

နော် ကိုကိုနော်


V1;
ငါသိပ်ပြီးချစ်ရလွန်းသူမို့ကွယ် စိတ်မချဖြစ်ကာ
အရမ်းရမ်းမိမယ် ကိုကိုရေ
တစ်ခါတစ်လေတော့အကြောင်းမဲ့သက်သက်ကြီးကွယ် စိတ်ကောက်တဲ့အခါ
ချက်ချင်းလိုက်ချော့ကာ အလိုလိုက်ကွယ်
တွယ်တာလို့ ကလေးဆိုးလေးလိုဆိုးမယ် ခွင့်လွှတ်ပေးကွယ်
စိတ်တော့မဆိုးနဲ့စိတ်တို့ပျက်ကာ မငြိုညင်ပဲ
အရင်ထက်တိုးတိုးပီးကွယ်ချစ်ကာ.......ဂရုစိုက်ပေးပါ ယုယပေးပါ အချစ်ဆုံးရယ်

မလုံလောက်သေးပါ အချစ်များဟာ ငါလေနောက်ထပ် လိုချင်တာ
ကိုကိုပေးပါ ဒီအချစ်များစွာ နော်နော်.....ဒီအချစ်များစွာနော် နော် နော်ကိုကို နော် နော်

Cho;
[ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ဒီကမ္ဘာလောကကြီးမှာ ကိုကို့တစ်ယောက်တည်းသာ ချစ်တာယုံလိုက်ကွယ်
ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ရင်တွေကွဲလို့မတတ် အောင် ငါသိပ်ချစ်ရတာ ကိုကို့ကို ယုံလိုက်ကွယ်.....]

V2;
သွားလေရာကောက်ကောက်ပါ တောက်လျှောက်ငါ စိတ်လျှော့ပြီးအချစ်လျော့မသွားနဲ့
ကိုကိုမုန်းမှာသိပ်ကြောက်တာ စိတ်ကောက်ကာအမြဲလိုဆိုး ဒါကလည်း အချော့ခံချင်လို့
အချစ်တွေမပျက်ကာချစ်နေလျက်ပါ ကိုကိုထားခဲ့လိုက်မှာစိုး

Rapping; နော်ကိုကိုနော် တစ်နေ့ထက်တစ်နေ့ပိုချစ်ပါနော်.......ဘာမဆိုပေးဆပ်ရဲတယ် ကိုကို့အတွက်ဆို
အဲ့လောက်ရူးတာပေါ့....You are super hot ဒါကြောင့်လည်းရင်တွေပူတာပေါ့
ကောင်မလေးတွေနဲ့စကားပြောတဲ့အခါ အော်တိုမစ်တစ်ငါ့ရဲ့နှုတ်ခမ်းကဆူလာရော
ရစ်တတ်တာနှစ်ယောက်မရှိပေမယ့် ချစ်တတ်တဲ့နေရာပြိုင်ဖက်ကင်း ကမ္ဘာကိုမြေလှန်ရှာကြည့်ဘယ်သူမှမမှီပါ ငါ့ချစ်ခြင်း
ကိုကိုရှိရင် ဘာ့မှမကြောက်ပါ အတူတူဘ၀စစ်ခင်း ကိုကိုအနားကျရှုံးလို့သွားရင် နှလုံးသားလေးထူးထောက်ဝတ်စင်း...

Cho;[
ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ဒီကမ္ဘာလောကကြီးမှာ ကိုကို့တစ်ယောက်တည်းသာ ချစ်တာယုံလိုက်ကွယ်
ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ရင်တွေကွဲလို့မတတ် အောင် ငါသိပ်ချစ်ရတာ ကိုကို့ကို ယုံလိုက်ကွယ်.....]

ကိုကို ချစ်လို့ဆိုးတာပါ ဒိထက်ပိုချစ်ပါ ကိုကို မမုန်းပစ်လိုက်ပါနဲ့ နော် ကိုကိုနော် နော်

Cho;
[ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ဒီကမ္ဘာလောကကြီးမှာ ကိုကို့တစ်ယောက်တည်းသာ ချစ်တာယုံလိုက်ကွယ်
ငါလေ အရမ်းလည်းကလေးဆန် အရမ်းလည်းဆိုးတယ် အရမ်းရစ်တတ်တယ် ဒါပေမယ့်
ရင်တွေကွဲလို့မတတ် အောင် ငါသိပ်ချစ်ရတာ ကိုကို့ကို ယုံလိုက်ကွယ်.....]×၂

More