မေ့ပစ်​လိုက်​ပြီ - ပိုပို

Download

မေ့ပစ်​လိုက်​ပြီ

V1;
မေ့ပစ်လိုက်ပြီမင်းကို မသိသလိုဟန်ဆောင်ရင်း
သူစိမ်းတစ်ယောက်ထက် မပိုတော့ဘူး အလွမ်းတွေနာကျင်လို့....

ငါသွားမဲ့လမ်းမှာ တွေ့ခဲ့ရင်တောင် မင်းကိုငါ မသိချင်ယောင်ဆောင်လိုက်မယ်
အကောင်းဆုံးမင်းနဲ့ငါတွေ့ခဲ့ပါတယ် ပျော်ရွှင်စရာအတိတ်တွေ ငါကျေနပ်တယ်

Cho;
[အချစ်ဆိုတာ ဒီလိုပဲပေါ့ကွယ် ငါကျင်တယ်ဆိုလည်း
ငါ့ကိုမချစ်တော့တဲ့မင်းကို မေ့ပစ်နိုင်ဖို့အတွက် အချိန်တွေအများကြီးတော့လိုမယ်
သေချာတယ်မင်းကိုငါမေ့ပစ်နိုင်တယ်....]

V2;
ပေးဆပ်လိုက်ပြီ အချစ်တွေကိုတစ်စဆီမြေမြုပ်ရင်း
ဘယ်သူ့ကြောင့်ပဲလေ ခံစားရပါစေငါမမှုတော့....
နင်သွားမဲ့လမ်းမှာ တွေ့ခဲ့ရင်တောင် ငါကိုနင် မသိချင်ယောင်ဆောင်လိုက်ပါ
ဒိထက်ပိုပြီး မလွမ်းတတ်ချင်ဘူး..ရင်နာစရာအတိတ်တွေငါမှတ်ထားတယ်...

အရင်ချိန်တွေဆို ငါချစ်တဲ့မင်းကိုပျော်ရွှင်စေခဲ့လည်း အပြန်အလှန်မရှိတဲ့အချစ်တွေအတွက် ငါဘာကြောင့်မို့ဝမ်းနည်းရမှာလဲ

နင်နာကြင်ရင် နင့်အနားရှိတဲ့အချစ်ကိုနင်မမြင်နိုင်တော့လည်း ငါဟာမင်းအတွက်တော့အပိုပဲ
တစ်ကယ်ကိုမင်းရဲ့အချစ်နဲ့ မချစ်သင့်မိသူမို့...

အချစ်ဆိုတာဒီလိုပဲပေါ့...တစ်ခါတစ်လေမှာနာကျင်မှာပဲ
ဒီရင်ဘတ်ကမမေ့နိုင်လည်း ရင်နာစရာကောင်းတဲ့မင်းကိုမေ့ပစ်လိုက်မှာပဲ

ငါသွားမဲ့လမ်းမှာ တွေ့ခဲ့ရင်တောင် မင်းကိုငါ မသိချင်ယောင်ဆောင်လိုက်မယ်
အကောင်းဆုံးမင်းနဲ့ငါတွေ့ခဲ့ပါတယ် ပျော်ရွှင်စရာအတိတ်တွေငါမှတ်ထားတယ်

Cho;
[အချစ်ဆိုတာ ဒီလိုပဲပေါ့ကွယ် ငါကျင်တယ်ဆိုလည်း
ငါ့ကိုမချစ်တော့တဲ့မင်းကို မေ့ပစ်နိုင်ဖို့အတွက် အချိန်တွေအများကြီးတော့လိုမယ်
သေချာတယ်မင်းကိုငါမေ့ပစ်နိုင်တယ်....]

More