မင်းရှိတဲ့မြို့  - မျိုးကြီး

Download

မင်းရှိတဲ့မြို့ 

V1:
အမှတ်မထင်ဘဲ ဒီမြို့ ငယ်လေးမှာဆုံတယ် ... မင်းကိုပဲ ငါတစ်သက်စာ ဆုတောင်းမိတယ်

ဘယ်တော့ ပြန်တွေ့ မယ်

မသိနိုင်လည်း စိတ်ထဲမှာတော့ ယုံကြည်ဆဲ.... တစ်နေ့ တော့ ငါတို့ တွေ ဆုံဆည်းရမယ်

နင်မမေ့လိုက်နဲ့ 

Pre:
နေ၀င်ရင် ငါတို့ ခွဲရမယ်

အိမ်ပြန်ချိန် ခဏလေးနှုတ်ဆက်ချိန် ရောက်လည်း

ဒို့ နှစ်ယောက်လုံးအတွက် အမှတ်တရအဖြစ်နဲ့ 

Cho:
ငါ့ရဲ့  အသည်းတစ်ခြမ်း မင်းဆီချန်ပြီး .... ဒီမြို့ လေးရဲ့  အဝေး ငါ ပြန်သွားတဲ့အခါ နင်မမေ့ဖို့ ရာ

ခဏလောက် ဆက်သိမ်းထားပါ .... တစ်နေ့ နေ့ မင်းလေးရှိရာ မြို့ ထဲ ငါ အရောက်လာမယ်

ယုံကြည်ထားဆဲပါ ငါ့အသည်းတစ်ခြမ်းဟာ .... မင်းရဲ့ အချစ်များနဲ့ ရှင်နေဦးမှာ ....

V2:
ညနေဖက်ဆို ငှက်ငယ်လေးတွေကြည့်ရင်း ... မင်းဆီအရောက် ပြန်ဝဲလာချင်တဲ့စိတ်တွေ ငါထိန်းမရခဲ့

အိပ်မက်ထဲ ငါ မင်းဆီ အမြဲပြန်လာတယ်

မြို့ ငယ်လေးမှာ တို့ တွေ ဆုံတွေ့ ကြသတဲ့ တစ်ကယ်တော့ဝေးဆဲ

Bridge:
ရှင်သန်နေမယ် ဒို့ နှစ်ဦး အချစ်တို့ ရှိရာ မြို့ လေးထဲ

ငါလည်း တစ်နေ့ တော့ အရောက်ပြန်လာမယ် မင်းအတွက်....

More