ပြည်ပသို့ပေးစာ - G Fatt

Download

ပြည်ပသို့ပေးစာ

Intro;
[ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲ ၀င်လို့........
ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲ ၀င်လို့........

(ဘိုင့်ဘိုင်...ဘိုင့်ဘိုင်...ဘိုင့်ဘိုင်.ဘိုင့်ဘိုင်.....)×၎

Repping;
ချစ်သူလေးတော့မဟုတ်ပါငါတို့သူငယ်ချင်းထက်ပို
အဲ့လိုဖြစ်အောင်တကယ်ငါ့ကိုမင်းခြွေတတ်လို့ မင်းအားရင်အပျင်းပြေဖတ်ဖို့ အီးမေးလ်တွေပို့ထားမယ်
ဟိုမှာ ဘယ်လိုများလည်း ရည်းစားရပြီလားပြောငါတို့ကိုမလျှိုထားနဲ့
သူ့ရည်ရွယ်ချက်ကရေမြေခြားမှာပညာရှာဖို့ ပြီးရင်ကိုယ့်တိုင်းပြည်ကိုယ်ပြန်ပြီးအကျိုးပြုချင်တာပါဆို
ချီးကျူးပါတယ်သူငယ်ချင်းရယ်ငါ့မှာ ရင်နာနာကို ဟိုမှာဘယ်သူနဲ့တွေ့တွေ့အမြဲနှုတ်ဆက်နော်မင်္ဂလာပါလို့
တစ်ပတ်တစ်ခါဖုန်းထဲအလွမ်းသယ်ရင်းနဲ့အတူငိုမိတယ် ဟန်ဆောင်ပြီးထမရီပါနဲ့ မင်းအကြောင်းငါ့ထက်ဘယ်သူပိုသိလဲ
သူမရှိတုန်းလမ်းသွားလမ်းလာကောင်မလေးတွေ ကျူသလိုမကြည့်နဲ့ စိတ်ချ
ငါကနင်ပြန်လာမယ့်အချိန်အထိလူပျိုကြီးပဲ
ရန်ကုန်မြို့မှာ မိုးတွေမှိုင်းပြပြရွာရင်လွမ်းတယ် လှိုင်းထကြ နှိုင်းဆမရနာကြင် ရိုင်းသွားသမျှရာဇ၀င်တွေကို တိုင်းတစ်ပါးသား
ရှာမချစ်ဖို့ငါတို့သူငယ်ချင်းတွေဝိုင်းတားကြမှာ

Cho;
[သူ့နှလုံးသားငါ့တစ်ယောက်ထဲအမြစ်တွယ် တစ်သက်လုံးအတွက်မဟုတ်တဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လားအချစ်ရယ် အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ် နေသားကျသွားမှာလည်းကြောက်တယ် အားလုံးစောင့်နေမယ် ယုံကြည်တယ်
နင်အမြန်ပြန်လာကွယ်.....နေလို့မှကောင်းရဲ့လားအချစ်ရယ်...]

Repping;
လူဆုံရင်ပြောတာ သူတို့အကြောင်းပါပဲ သူတို့သူငယ်ချင်းတွေပြောမှာဘယ်သူ့အကြောင်းပါမလဲ
နင်ကျန်းမာပါစေ အိတ်ကပ်လေးထဲမှာဆုတောင်းစာထည့် ကြိုးနဲ့ချည်ပြီးလေထဲလွှတ်ဖို့ငါ ပူဖေါင်းရှာဝယ်
အိုး...ရပြီ ဒီနေ့တော့တစ်နေကုန်ကျေပြီပေါ့ နင့် မွေးနေ့ ငါရောက်တယ် ရွှေတီဂုံစေတီပေါ်အဲ့မှာငါ ပန်းတွေလဲဆီမီးကပ်လှူပြီးတော့ကုသိုလ်ယူ
ခိုတွေလည်းအစာတွေကျွေးကုသိုလ်ယူ....ကြုံဘ၀ ဆုံဘ၀ သတ္တ၀ါတွေနဲ့နင်အပါအ၀င်ခုနှစ်ရက်သားသမီးအပေါင်းရစေသော်

V1;
နောက်လဆိုရင်ရှိုးတွေရှိတယ် မျှော်စင်ကျွန်းထဲမှာ သဲထဲရေသွန်ဖြစ်ခဲ့ပြီ နင်နဲ့ပျော်ချင်လွန်းခဲ့သမျှ တခြားသူငယ်ချင်းတွေထက်ကိုပိုပြီး
ခုံမင်လွန်းတဲ့ငါ...အညံ့တွေပျောက်အောင်ခေါင်းလျှော်ပစ်မယ် တရော်ကင်မွန်းနဲ့ကွာ လောကဓံရိုက်ချက်တွေကြားထဲ
တစ်ခါတစ်လေ side effect တွေများလည်း တစ်စိုက်မတ်မတ်စာပဲကြိုးစားပါ နိုက်ကလပ်တွေမသွားနဲ့ နောက်ဆုံးမှာချင်တာက
ဘယ်နေရာရောက်ရောက် မြန်မာဆိုတာမမေ့ အိုး နင်ပြန်လာမယ်ဆို ငါထိပ်ဆုံးကကြိုမလို့

Cho;
[သူ့နှလုံးသားငါ့တစ်ယောက်ထဲအမြစ်တွယ် တစ်သက်လုံးအတွက်မဟုတ်တဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လားအချစ်ရယ် အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ် နေသားကျသွားမှာလည်းကြောက်တယ် အားလုံးစောင့်နေမယ် ယုံကြည်တယ်
နင်အမြန်ပြန်လာကွယ်.....နေလို့မှကောင်းရဲ့လားအချစ်ရယ်...]

အလုပ်ကိုကြိုးစားနေပြီဗျို့....လေယဉ်ပျံကြီးစီးပြီးမင်းဆီလာလည်မလို့
အလုပ်ကိုကြိုးစားနေပြီဗျို့....တော်ကြာအဖြေပေးပြီးတော့နင်ထားသွားမှာစိုး

အလုပ်ကိုကြိုးစားနေပြီဗျို့....လေယာဉ်ပျံကြီးစီးပြီး သူ့ကိုပြန်ခေါ်မလို့
အလုပ်ကိုကြိုးစားနေပြီဗျို့....တော်ကြာအရည်အချင်းမရှိလို့နင်ထားခဲ့မှာစိုး

V2;
ကျွန်တော့်အမှားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့
လူချင်းမတွေ့လည်း အသံ ကြားနိုင်တာပဲ

ကျွန်တော့်အမှားတွေသူ့ကိုပြန်သွားမတိုင်ပါနဲ့
သူစိတ်ဆိုးလို့ ဖုန်းမကိုင်ခဲ့ရင် မခံစားနိုင်ပါတကယ်
ငါဖုန်းပြောရင်းသီချင်းတွေဆိုပြလျက်ပေါ့ကွာ
သူ့ရင်ခွင်မဟုတ်ရင်မခိုနားတတ်တော့ပါ
ငါဖုန်းပြောရင်းသီချင်းတွေဆိုပြလျက်ပေါ့ကွာ
ပြန်လာရင်အရင်လိုဗိုလ် ကျား သေနတ် ဆော့မှာ........



More